စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တိရစ္ဆာန်အစာစပ်လုပ်ငန်းများအတွက် ဈေးကွက်လိုအပ်ချက်အမြဲရှိပြီး ပြုစုရလွယ်ကူကာ အထွက်နှုန်းကောင်းမွန်သည့် အစေ့ထုတ်ပြောင်း (CP) ကို ယခုနှစ်မိုးရာသီတွင် တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဌာနထံမှ သိရသည်။ အဆိုပါပြောင်းကို မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ရိတ်သိမ်းကြရာ၊ ယခုနှစ်တွင် သွင်းအားစုနှင့် လုပ်အားခစရိတ်မြင့်တက်မှုကြောင့် တစ်ဧကလျှင် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ ကုန်ကျနိုင်သော်လည်း ရာသီဥတုမျှတပါက တစ်ဧကလျှင် တင်း ၅၀ မှ ၆၀ ကျော်အထိ ထွက်ရှိနိုင်သဖြင့် တစ်ဧကလျှင် အသားတင်အကျိုးအမြတ် ကျပ် ၅ သိန်းမှ ၈ သိန်းအထိ ရရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။ လက်ရှိတွင် ကျေးရွာအသီးသီးရှိ ပြောင်းစိုက်ခင်းများ သဘာဝမိုးရေဖြင့် အောင်မြင်စွာဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးရေးဌာနကလည်း နည်းပညာနှင့် ပိုးမွှားကာကွယ်ရေး အသိပညာပေးမှုများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဈေးကွက်လိုအပ်ချက်ရှိသော အစေ့ထုတ်ပြောင်း (CP) ကို တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလာ
Jun 12 • 7:34 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


