ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့တွင် ဘတ်စ်ကားလိုင်း ၁၃ လိုင်း၊ ယာဉ်အစီးရေ ၄၉၁ စီးဖြင့် နေ့စဉ်ခရီးသည် ၁ သိန်းခွဲခန့်ကို ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် Golden Yangon City Transportation (GYCT) တို့သည် အသင်း၏ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များအတွက် Official Co-Sponsor အဖြစ် ယနေ့တွင် တရားဝင်ပူးပေါင်းလက်တွဲလိုက်ကြောင်း သိရသည်။ ယခုကဲ့သို့ စနစ်ကျသည့် လူထုဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခုနှင့် လက်တွဲခွင့်ရခြင်းသည် အသင်း၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာခွန်အားဖြစ်စေပြီး၊ အသင်းအပေါ် ယုံကြည်ပံ့ပိုးပေးသည့်အတွက် GYCT အား ကစားသမားများနှင့် စီမံခန့်ခွဲမှုအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိကာ အတူတကွ အကောင်းဆုံးအောင်ပွဲများ ဖန်တီးသွားမည်ဖြစ်ကြောင်း အသင်းဘက်က သတင်းထုတ်ပြန်ထားသည်။
Jun 12 • 7:34 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 22 | 0 | 0 | 0 |


