ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေကာ ငွေကျပ်သိန်းရာဂဏန်းမှ ငွေကျပ်သိန်းသောင်းဂဏန်းအထိရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဥက္ကဋ္ဌ ဦးတင်အောင်မြင့်က ပြောသည်။"လက်ရှိဈေးကွက်အနေအထားကဝယ်လိုအားကောင်းနေတယ်။ အနိမ့်ဆုံးကျပ်သိန်းရာဂဏန်းကနေပြီးတော့ထောင်ဂဏန်းသောင်းဂဏန်းထိရှိတယ်။ လမ်းမတန်းတွေဆိုရင်သိန်းသောင်းဂဏန်းထိဖြစ်နေပြီ။ လက်ရှိဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေက ဖွံ့ဖြိုးမှုများတော့ ရင်းနှီးမြှုပ်နှံလိုသူတွေလည်းများတယ်။ ဒဂုံဆိပ်ကမ်းက အလားအလာပိုကောင်းမယ်လို့ထင်ပါတယ်"ဟု ဦးတင်အောင်မြင့်က ပြောသည်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေ သိန်းရာဂဏန်းမှ သိန်းသောင်းဂဏန်းအထိရှိ
Jun 12 • 7:31 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 28 | 0 | 0 | 0 |


