back

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် လူနာများနှင့် လူနာစောင့်များအတွက် အာဟာရဒါန  ပါဝင်လှူဒါန်းနိုင်

Jun 12 • 7:30 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် လူနာများနှင့် လူနာစောင့်များအတွက် အာဟာရဒါန  ပါဝင်လှူဒါန်းနိုင်

ပဲခူးတိုင်းဒေသကြီး၏ အဓိကအားထားရာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ နယ်ဝေးမှ လာရောက်ကုသနေကြသည့် လူနာများနှင့် လူနာစောင့် မိသားစုဝင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် စေ...

ပဲခူးတိုင်းဒေသကြီး၏ အဓိကအားထားရာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ နယ်ဝေးမှ လာရောက်ကုသနေကြသည့် လူနာများနှင့် လူနာစောင့် မိသားစုဝင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် စေတနာရှင် အလှူရှင်များက အာဟာရဒါန ကျွေးမွေးလှူဒါန်းမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။အလှူရှင်များမှ အာဟာရဝေငှပေးရာ နေရာများသို့ လူနာစောင့်များက လာရောက်၍ စနစ်တကျ တန်းစီကာ ဝမ်းမြောက်ဝမ်းသာ အလှူခံယူကြသည်ကို တွေ့ရှိရသည်။ ယခုကဲ့သို့ လှူဒါန်းမှုများသည် ဆေးရုံတက်နေစဉ်အတွင်း မိသားစုဝင်များ၏ စားသောက်စရိတ်နှင့် အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။ပဲခူးပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်နှင့်အမျှ တိုးပွားလာသော လူနာများနှင့် မိသားစုဝင်များအတွက် အာဟာရဒါန ကျွေးမွေးလှူဒါန်းလိုသည့် စေတနာရှင်များအနေဖြင့် မနက်​စောစာ ၊​နေ့လည်စာ၊ ဖြည့်စွက်စာ အစရှိသဖြင့် ကုသိုလ်ပါဝင်နိုင်ကြသည်။

news-view-count-icon

25