back

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၌ ကျူရှင်ခ တစ်လ ကျပ် ၁ သိန်းအထိ ရှိလာ၍ ကျောင်းသားမိဘများ အခက်ကြုံနေရ

Jun 12 • 6:43 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၌ ကျူရှင်ခ တစ်လ ကျပ် ၁ သိန်းအထိ ရှိလာ၍ ကျောင်းသားမိဘများ အခက်ကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခ ကောက်ခံမှုမရှိသော်လည်း ဘာသာစုံကျူရှင်စရိတ်မှာ တစ်လလျှင် ကျပ်တစ်သိန်းဝန်းကျင်အ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခ ကောက်ခံမှုမရှိသော်လည်း ဘာသာစုံကျူရှင်စရိတ်မှာ တစ်လလျှင် ကျပ်တစ်သိန်းဝန်းကျင်အထိ ကုန်ကျနေသဖြင့် အခြေခံလူတန်းစားနှင့် နေ့စားအလုပ်သမား မိသားစုများ ငွေကြေးအခက်အခဲနှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေရကြောင်း ကျောင်းသားမိဘများထံက သိရသည်။လက်ရှိ ကုန်ဈေးနှုန်းမြင့်မားချိန်တွင် ကျောင်းဆရာ၊ ဆရာမများ၏ လစာမှာ ကျပ် ၃ သိန်းခွဲ၊ ၄ သိန်းဝန်းကျင်သာ ရှိသဖြင့် မလုံလောက်မှုကြောင့် အခကြေးငွေဖြင့် ကျူရှင်ပြသနေကြရခြင်း ဖြစ်သည်။ မိဘများအနေဖြင့် ကျူရှင်မတက်သည့် ကလေးများ ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်ခြင်းနှင့် သားသမီးမျက်နှာမငယ်စေရန်အတွက် မဖြစ်မနေ ငွေကြေးရှာဖွေကာ ကျူရှင်ထားနေကြရကြောင်း ဒေသခံများက ဆိုသည်။ပညာရေးဌာနအနေဖြင့် အစိုးရကျောင်းဆရာ၊ ဆရာမများကို အခကြေးငွေဖြင့် ကျူရှင်မသင်ရန် တားမြစ်ထားပြီး တိုင်ကြားမှုများရှိလာပါက စိစစ်အရေးယူသွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

news-view-count-icon

20