ကယား(ကရင်နီ)ပြည်၊ ဒီမောဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် ဇွန်လ ၁၀ ရက်နေ့က ဒေသခံတစ်ဦး ဖွဲနုပေါ်၌ ပေါက်နေသည့် တောမှိုကို စားသုံးနိုင်သည်ဟု ထင်မှတ်ကာ စားသုံးမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဒေသခံသည် မှိုစားသုံးပြီးနောက် ခဏခဏအန်ခြင်းနှင့် ဗိုက်အောင့်ခြင်းလက္ခဏာများ ပြင်းထန်စွာ ခံစားခဲ့ရသဖြင့် ဆေးကုသမှု ခံယူခဲ့ရသည်။ ယခုဖြစ်စဉ်မတိုင်မီ နှစ်ပတ်ခန့်ကလည်း ကယန်းဒေသအတွင်း တောမှိုစားသုံးမိ၍ အစာအဆိပ်သင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။မိုးရာသီကာလတွင် အမျိုးအစား မသေချာသည့် တောမှိုများကို စားသုံးခြင်းမပြုရန်နှင့် အဆိပ်ရှိသောမှိုများကြောင့် ကျန်းမာရေးအန္တရာယ် မဖြစ်စေရန် သတိပြုကြပါရန် ဒေသတွင်း ကျန်းမာရေးအဖွဲ့အစည်းများက နှိုးဆော်ထားသည်။
Jun 12 • 4:37 AM
မြန်မာ
ကယား
မျှဝေမည်
| 31 | 0 | 0 | 0 |


