back

ပြည်တွင်း၌ တရုတ်မှ အဝင်နည်းသဖြင့် တရုတ်ပြည်ထုတ် ပန်းကန်ခွက်ယောက်ဈေးနှုန်းများ မြင့်တက်

Jun 12 • 3:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ တရုတ်မှ အဝင်နည်းသဖြင့် တရုတ်ပြည်ထုတ် ပန်းကန်ခွက်ယောက်ဈေးနှုန်းများ မြင့်တက်

ပြည်တွင်းပန်းကန်ခွက်ယောက်ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများဖြင့်သာ အဓိက အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိတွင် တရုတ်မှ အဝင်လမ်းကြောင်း အခက်အခဲများကြောင့် ကြ...

ပြည်တွင်းပန်းကန်ခွက်ယောက်ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများဖြင့်သာ အဓိက အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိတွင် တရုတ်မှ အဝင်လမ်းကြောင်း အခက်အခဲများကြောင့် ကြွေပန်းကန်နှင့် လက်ဖက်ရည်ပန်းကန်ခွက်ယောက် (Tea Set) ဈေးနှုန်းများ ယခင်ထက် မြင့်တက်နေကြောင်း မန္တလေးအခြေစိုက် လူသုံးကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။ပြည်တွင်း၌ အစိုးရထုတ်နှင့် ပုဂ္ဂလိကထုတ် ကြွေထည်ပစ္စည်းများ ရှိသော်လည်း တရုတ်ထုတ်ပစ္စည်းများမှာ အရည်အသွေးနှင့် ဈေးနှုန်း သင့်လျော်မျှတသဖြင့် ဝယ်ယူသူ ပိုမိုကြိုက်နှစ်သက်ကြပြီး ဈေးကွက်ကို ရေရှည်လွှမ်းမိုးထားခြင်းဖြစ်သည်။ ယခင်က ကျပ်ထောင်ဂဏန်းသာ ရှိခဲ့သည့် တီးဆက် (Tea Set) တစ်စုံလျှင် လွန်ခဲ့သော ၅ နှစ်ကျော်ကာလနှင့် နှိုင်းယှဉ်ပါက ယခုအခါ အနည်းဆုံး ကျပ်နှစ်သောင်းကျော်အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။ပြည်တွင်း၌ အသုံးပြုနေသည့် မီးဖိုချောင်သုံး အိုးခွက်ပန်းကန်အများစုမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် အဓိက တင်သွင်းနေခြင်းဖြစ်ပြီး ထိုင်း၊ ဖိလစ်ပိုင်နှင့် ကိုရီးယားနိုင်ငံများမှ တင်သွင်းသည့် ပစ္စည်းအချို့လည်း ဈေးကွက်အတွင်း ရှိနေကြောင်း သိရသည်။

news-view-count-icon

65