ယခင်က ပြည်တွင်းပြည်ပခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ စိတ်ဝင်စားခဲ့သည့် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်ရှိ ထမံသီဘေးမဲ့တောလေ့လာရေးခရီးစဉ်များကို ယခုနှစ်အတွင်း လာရောက်လိုသူများ ရှိသော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် ခရီးလမ်းပန်းခက်ခဲမှုတို့ကြောင့် ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။လက်ရှိတွင် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ထမံသီနှင့် ခန္တီးဒေသများ၌ ကုန်းလမ်းနှင့် ရေလမ်းခရီးစဉ်များ အသုံးပြုရန် ခက်ခဲနေသဖြင့် အရေးပေါ်သွားလာရန်အတွက် ရံဖန်ရံခါပြေးဆွဲပေးသည့် ဟုမ္မလင်း-မန္တလေးနှင့် ခန္တီး-မန္တလေး လေကြောင်းလိုင်းများကိုသာ အဓိကအားထားနေရသည်။ထို့ပြင် ကုန်စည်စီးဆင်းမှုအတွက်လည်း ရေလမ်းခရီးတွင် အန္တရာယ်များပြားသဖြင့် လမ်းကြမ်းတမ်းသော မဟာမြိုင်လမ်းတစ်ခုတည်းကိုသာ အသုံးပြု၍ သွားလာနေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ခန္တီးမြို့ရှိ ထမံသီဘေးမဲ့တောဘက်လာမည့် ခရီးသွားများကို နယ်မြေအခြေအနေကြောင့် ငြင်းပယ်နေရ
Jun 12 • 2:50 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


