ONE Friday Fights-158 ပြိုင်ပွဲအတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ်ကို ယနေ့ညပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ အမြင့်ကန်ချက် ကောင်းမွန်သော ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ ပရိသတ်များအကြား စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်းများအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး SLATAN မှာမူ (၁) ပွဲထိုး၊ (၁) ပွဲရှုံးနိမ့်ထားသဖြင့် ယခုပွဲစဉ်သည် ကျော်စွာဝင်းအတွက် ပွဲချောင်စေနိုင်မည်ဟု သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။
Jun 12 • 2:20 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 23 | 0 | 0 | 0 |


