မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၏ ခေတ်အလိုက် အုတ်မြစ်တည်ဆောက်မှုစနစ် သုတေသနပြုလုပ်ငန်းများကို ယခု ဇွန်လပထမပတ်မှစတင်၍ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ခေတ်ကာလမတူညီသည့် ငကျွဲနားဋောင်းစေတီ၊ ပေါက်ပင်ရာစေတီနှင့် ရှေးဟောင်းအဆောက်အအုံအမှတ်-၁၉၀၅ တို့ကို ရွေးချယ်ကာ မြေပြင်အောက်ခြေ ဖွဲ့စည်းတည်ဆောက်ပုံများကို လေ့လာနေခြင်းဖြစ်သည်။အဆိုပါအဆောက်အအုံများအနက် အတွင်းစေတီမှာ ပျူခေတ်လက်ရာဖြစ်နိုင်ကြောင်း ပညာရှင်များသုံးသပ်ထားသည့် ငကျွဲနားဋောင်းစေတီတွင် အတွင်းနှင့်အပြင် အုတ်မြစ်များကို တူးဖော်နေပြီး အပြင်စေတီအုတ်မြစ်တွင် အပေါ်ယံမြေလွှာ၊ အိုးခြမ်းကွဲနှင့်အုတ်ကျိုးရောမြေလွှာ၊ ဖွတ်ချေးရောမြေလွှာနှင့် သဲနုန်းမြေလွှာဟူ၍ မြေလွှာ ၄ မျိုး တွေ့ရှိထားသည်။ အဆိုပါ သုတေသနသည် ပုဂံခေတ်အဆက်ဆက် ဗိသုကာလက်ရာများ၏ မြေပြင်အောက်ခြေ အုတ်မြစ်စနစ်ကို သိရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ကမ္ဘာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုဒေသအတွင်းတွင် လက်ရှိ၌ ရှေးဟောင်းအဆောက်အအုံပေါင်း ၃,၅၉၅ ခုနှင့် ကြားခံဒေသအတွင်း Jared အဆောက်အအုံ ၂၄၂ ခု၊ စုစုပေါင်း ၃,၈၃၇ ခု ရှိကြောင်း သိရသည်။



