back

ရန်ကုန်မြစ်အတွင်း ဇွန် ၁၆ နှင့် ၁၇ ရက်တွင် ထူးကဲဒီရေ ပေ ၂၀ ကျော်အထိ မြင့်တက်နိုင်

Jun 12 • 2:10 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြစ်အတွင်း ဇွန် ၁၆ နှင့် ၁၇ ရက်တွင် ထူးကဲဒီရေ ပေ ၂၀ ကျော်အထိ မြင့်တက်နိုင်

လာမည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းထက် အမြင့်ပေ ၂၀ ဒသမ ၀၁ မှ ၂၀ ဒသမ ၀၄ အထိ သာမန်ထက် ထူးကဲဒီရေ မြင့်တက်လာနိုင်ကြောင်း မြ...

လာမည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းထက် အမြင့်ပေ ၂၀ ဒသမ ၀၁ မှ ၂၀ ဒသမ ၀၄ အထိ သာမန်ထက် ထူးကဲဒီရေ မြင့်တက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။ ယခင် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ၂၂ ပေခန့်အထိ တက်ခဲ့ဖူးသဖြင့် လက်ရှိအခြေအနေမှာ စိုးရိမ်ဖွယ်မရှိသော်လည်း မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်‌ကြောင်း သတိပေးထားသည်။ထူးကဲဒီရေတက်ချိန်တွင် ရေစီးကြမ်းတမ်းတတ်သဖြင့် ဒလ-ရန်ကုန် ကူးတို့အပါအဝင် စက်လှေ၊ မော်တော်ဘုတ်စီးနင်းသူများ အသက်ကယ်ဝတ်စုံ မဖြစ်မနေ ဝတ်ဆင်ရန် လူမှုကူညီရေးအသင်းများက တိုက်တွန်းထားသည်။ ထို့ပြင် အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများကို ပလတ်စတစ်အိတ်ဖြင့် လုံခြုံစွာထုပ်ပိုးခြင်း၊ အိမ်အနိမ့်ပိုင်းများတွင် သဲအိတ်ဝက်ခန့်သာထည့်ထားသည့် သဲအိတ်များဖြင့် စနစ်တကျ ကာရံခြင်း၊ အရေးပေါ်ဆေးဝါးနှင့် ရိက္ခာများ အသင့်ပြင်ထားခြင်းတို့ကို ပြုလုပ်ထားသင့်သည်။ ရေကြီးရေလျှံမှုဖြစ်ပါက လျှပ်စစ်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်ပြီး ရွှေ့ပြောင်းရပါက မီးမိန်းခလုတ်များကို ကြိုတင်ပိတ်ထားရမည်ဖြစ်သည်။ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းတို့နှင့် ထိစပ်နေသည့် မြို့နယ်များရှိ အနိမ့်ပိုင်းလမ်းများနှင့် ရပ်ကွက်များသည် ရေဝင်ရောက်နိုင်ခြေအရှိဆုံး ဖြစ်သည်။

news-view-count-icon

24