ပဲခူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းမပေါ်၊ (၁၀) မိုင်ဂုံးအကျော်တွင် ဇွန်လ ၁၁ ရက် နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က အချိုရည်များ တင်ဆောင်လာသည့် Canter (၆) ဘီး ကုန်တင်ယာဉ်သည် ရှေ့မှမောင်းနှင်နေသော NISSAN MITSUBISHI အပြာရောင် (၂၂) ဘီးယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Canter (၆) ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။ ဖြစ်ပွားရာနေရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး၊ သေဆုံးသူများ၏ ရုပ်အလောင်းကို မေတ္တာရွှေစင်ပရဟိတအသင်းက သူနာတင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



