back

အမေရိကန်ပြည်ဝင်ခွင့် ငြင်းဆန်ခံရသည့် ဆိုမာလီဒိုင်လူကြီး ဥရောပစူပါဖလားပွဲ၌ တာဝန်ပေးခံရ

Jun 12 • 2:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်ပြည်ဝင်ခွင့် ငြင်းဆန်ခံရသည့် ဆိုမာလီဒိုင်လူကြီး ဥရောပစူပါဖလားပွဲ၌ တာဝန်ပေးခံရ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ပေးရန် လျာထားခြင်းခံရသော်လည်း အမေရိကန်နိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ ငြင်းဆန်ခြင်းခံခဲ့ရသည့် ဆိုမာလီနိုင်ငံသား ဖီဖာဒိုင်လူကြီး အိုမ...

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ပေးရန် လျာထားခြင်းခံရသော်လည်း အမေရိကန်နိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ ငြင်းဆန်ခြင်းခံခဲ့ရသည့် ဆိုမာလီနိုင်ငံသား ဖီဖာဒိုင်လူကြီး အိုမာအာတန်ကို ဥရောပစူပါဖလားပွဲစဉ်တွင် ကိုင်တွယ်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံ အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကြမည့် ၂၀၂၆ ဥရောပစူပါဖလားပွဲစဉ်ကို လာမည့် ဩဂုတ်လ ၁၂ ရက်တွင် သြစတြီးယားနိုင်ငံ၊ ဆာလ်ဇ်ဘာဂ် (Salzburg) မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် UEFA နှင့် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) တို့ ဆွေးနွေးကာ အာတန်ကို တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။အသက်မွေးဝမ်းကျောင်းသက်တမ်းတစ်လျှောက် ၂၀၁၅ ခုနှစ်တွင် CAF ၏ အကောင်းဆုံးဒိုင်လူကြီးဆု ရရှိခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှစ၍ ဖီဖာဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သူ အာတန်ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုရှိနိုင်သည်ဟူသော သံသယဖြင့် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ဆိုမာလီနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32