နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်၏ ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓာတ်အား၏ ၁၈ ဒသမ ၃၈ ရာခိုင်နှုန်းခန့် (ယူနစ် ၃၅၅၉ သန်းခန့်) မှာ ပျမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယင်းသို့ ဆုံးရှုံးနေမှုများကြောင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဘဏ္ဍာငွေများလည်း နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။ယင်းကြောင့် နည်းပညာပိုင်းဆိုင်ရာ မဟုတ်ဘဲ လူတို့၏ လျှပ်စစ်မသမာမှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို တားဆီးနိုင်ရန်အတွက် လျှပ်စစ်မသမာမှုများကို ရပ်တန့်ကြရန်နှင့် မသမာမှု ပြုလုပ်ခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားကြပါရန် အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

ပြည်တွင်း၌ ထုတ်လုပ်လျှပ်စစ်ဓာတ်အား၏ ၁၈ ဒသမ ၃၈ ရာခိုင်နှုန်းခန့် နှစ်စဉ် ဆုံးရှုံးနေသဖြင့် လျှပ်စစ်မသမာမှုများ တိုင်ကြားရန် ထုတ်ပြန်
Jun 12 • 1:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


