back

ပြည်တွင်း၌ ဒီဇယ်၊ ဓာတ်မြေဩဇာနှင့် LNG တင်သွင်းမှုများကို ဇွန်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ပြု

Jun 12 • 1:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ဒီဇယ်၊ ဓာတ်မြေဩဇာနှင့် LNG တင်သွင်းမှုများကို ဇွန်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ပြု

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကုန်စည်ဈေးနှုန်းများ ကြီးမြင့်မှုကို ထိန်းညှိနိုင်ရန်အတွက် ရိုးရိုးဒီဇယ်ဆီ တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကု...

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကုန်စည်ဈေးနှုန်းများ ကြီးမြင့်မှုကို ထိန်းညှိနိုင်ရန်အတွက် ရိုးရိုးဒီဇယ်ဆီ တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကို ယခု ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ တိုးမြှင့်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကြေညာသည်။ အလားတူ စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန် ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကိုလည်း ဇွန်လကုန်အထိ ဆက်လက်တိုးမြှင့်ပေးခဲ့သည်။ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေရန်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်များကိုလည်း ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။အဆိုပါ အခွန်ကင်းလွတ်ခွင့်များသည် မေလ ၃၁ ရက်အထိ အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်ကြေညာလွှာ Import Declaration (ID) ဖွင့်လှစ်ပြီး တင်သွင်းခဲ့သည့် ရိုးရိုးဒီဇယ်၊ ဓာတ်မြေဩဇာနှင့် LNG တို့အတွက်သာ အကျုံးဝင်စေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

43