တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ပေါ်တွင် ထီးဆောင်းပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူအချို့ကို ယာဉ်ထိန်းရဲနှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ဇွန်လ ၁၀ ရက်တွင် မျက်မြင်တွေ့ရှိသည့် မြို့ခံများ၏ ပြောပြချက်အရ ဖော်ပြသည်။ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခန့်က DDPC လမ်းဆုံမီးပွိုင့်တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ ထီးဆောင်း၍ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို ခေါ်ယူစစ်ဆေးကာ ဒဏ်ငွေပေးဆောင်စေခဲ့ခြင်း ဖြစ်သည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေ ပုဒ်မ ၃၂၁ အရ ဆိုင်ကယ်မောင်းနှင်ရာတွင် ထီးမဆောင်းရ၊ အမိုးမတပ်ရဟု ပြဋ္ဌာန်းတားမြစ်ထားသည်။ထားဝယ်မြို့တွင် ထိုနေ့နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ခရီးသွားပြည်သူများ ထီးနှင့် မိုးကာအင်္ကျီများ အသုံးပြုသွားလာနေကြစဉ် ယခုကဲ့သို့ ဖမ်းဆီးအရေးယူမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Jun 11 • 7:34 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 26 | 0 | 0 | 0 |


