၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။အဆိုပါ မြေငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၄.၀ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ထို ငလျင်လှုပ်ခတ်မှုကို ဒေသခံများ သိသိသာသာခံစားရသည်ဟု သိရပါသည်။ရန်ကုန်ရှိ အလုံ၊ သာကေတ၊ လှိုင်၊ ဒေါပုံ အစရှိသည့် မြို့နယ်အများစုတွင် ငလျင်သက်ရောက်မှုကို ခံစားခဲ့ရခြင်း ဖြစ်ပါသည်။" သိသိသာသာခံစားလိုက်ရတယ်။ ဒုန်းကနဲပဲ" ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။



