back

ပြည်တွင်း၌ ရွှေဈေးကွက် မတည်ငြိမ်မှုကြောင့် လကုန်လဆန်း ရက်များမှလွဲ၍ ကျန်ရက်များတွင် အရောင်းအဝယ် အလွန်အေးနေ

Jun 11 • 4:34 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ရွှေဈေးကွက် မတည်ငြိမ်မှုကြောင့် လကုန်လဆန်း ရက်များမှလွဲ၍ ကျန်ရက်များတွင် အရောင်းအဝယ် အလွန်အေးနေ

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စားသုံးသူများ ဈေးကွက်စောင့်ကြည့်နေကြပြီး၊ ဝန်ထမ်းလစာထုတ်သည့် လကုန်လဆန်းရက်များမှအပ ကျန်ရက်များတွင် ...

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စားသုံးသူများ ဈေးကွက်စောင့်ကြည့်နေကြပြီး၊ ဝန်ထမ်းလစာထုတ်သည့် လကုန်လဆန်းရက်များမှအပ ကျန်ရက်များတွင် အရောင်းအဝယ် မရှိသလောက် ပါးနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များနှင့် မန္တလေးမြို့ရှိ ရွှေဆိုင်မန်နေဂျာတစ်ဦးထံမှ သိရသည်။လကုန်ရက်ဝန်းကျင်တွင် အသုံးစရိတ်အတွက် အထည်ဟောင်းလာရောက်ရောင်းချသူများ ရှိသကဲ့သို့၊ တစ်ကျပ်သား ရွှေတုံးများ လာရောက်ဝယ်ယူစုဆောင်းသူများလည်း ရှိတတ်သည်။ ပြည်တွင်းပြင်ပရွှေဈေးသည် ပြီးခဲ့သည့် ဇန်နဝါရီလက အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက် မတ်လတွင် အနည်းငယ်ပြန်ကျကာ၊ သင်္ကြန်အပြီးတွင် သိန်း ၁၀၀ ကျော်သို့ ပြန်တက်ခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ရောင်းဈေး ၉၉ သိန်း ၂ သောင်းကျပ်၊ ဝယ်ဈေး ၉၈ သိန်း ၂ သောင်းကျပ်ဝန်းကျင်ဖြင့် သိန်း ၁၀၀ အောက်သို့ အနည်းငယ်ပြန်ကျနေပြီး၊ ရန်ကုန်တိုင်းရွှေအသင်း (YGEA) ၏ ရည်ညွှန်းအဖွင့်ဈေးမှာ ၇,၀၅၀,၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

31