back

မွန်ပြည်နယ်၊ အခြေခံပညာကျောင်းများတွင် မွန်စာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားနိုင်ရေး ပြည်နယ်လွှတ်တော်၌ အဆိုတင်သွင်း

Jun 11 • 3:47 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ အခြေခံပညာကျောင်းများတွင် မွန်စာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားနိုင်ရေး ပြည်နယ်လွှတ်တော်၌ အဆိုတင်သွင်း

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်ကျောင်းများတွင် မွန်တိုင်းရင်းသားစာပေကို လက်ရှိသင်ကြားနေသည့် Grade 3 အဆင့်မှ Grade 5 အဆင့်အထိ တိုးမြှင့်သင်ကြားနိုင်ရ...

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်ကျောင်းများတွင် မွန်တိုင်းရင်းသားစာပေကို လက်ရှိသင်ကြားနေသည့် Grade 3 အဆင့်မှ Grade 5 အဆင့်အထိ တိုးမြှင့်သင်ကြားနိုင်ရေး အဆိုတစ်ခုကို ဇွန်လ ၉ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။အဆိုပါအဆိုကို တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်းက မူလတန်းအဆင့်၌ တိုင်းရင်းသားစာပေကို ထိရောက်စွာနှင့် အပြည့်အဝ တတ်မြောက်နိုင်စေရန်အတွက် ယခုကဲ့သို့ Grade 5 အထိ တိုးမြှင့်သင်ကြားပေးရန် လိုအပ်ကြောင်း လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။ယင်းအဆိုအပေါ် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာမင်းက မွန်တိုင်းရင်းသားစာပေ ထိန်းသိမ်းရာရောက်သည့်အတွက် လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံခဲ့သည်။ လက်ရှိတွင် မွန်စာပေကို Grade 3 အထိသာ သင်ကြားခွင့်ရရှိထားသဖြင့် ထိရောက်မှုအားနည်းနေကြောင်း မွန်စာပေသင်ကြားရေး ဆရာ၊ ဆရာမများက ဆိုကြသည်။ အဆိုပါအဆိုကို လွှတ်တော်အစည်းအဝေး တတိယနေ့တွင် ဆက်လက်ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32