မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယ (၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း သိရသည်။အထူးသဖြင့် ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့် အလယ်ပိုင်းမြို့ကြီးများတွင် အမြင့်ဆုံးအခြေအနေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ယင်းကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့တွင် လက်ရှိရေမှတ်များထက် (၆) ပေမှ (၁၂) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။



