နေပြည်တော်တွင် စပါးပွဲစားများနှင့် ပို့ကုန် (Export) တင်ပို့မည့်သူများက စပါးဈေးမြှင့်၍ ဝယ်ယူနေသော်လည်း တောင်သူအများစုမှာ ဈေးနှုန်းမကြိုက်သေးသဖြင့် စပါးထုတ်ရောင်းခြင်းမရှိဘဲ ဈေးစောင့်ကြည့်နေကြကြောင်း သိရသည်။ယခင်က စပါးတင်း ၁၀၀ လျှင် ၁၂ သိန်း၊ ၁၃ သိန်းဝန်းကျင်သာ ပေးသဖြင့် တောင်သူများက တွက်ချေမကိုက်၍ မရောင်းဘဲ တင်းခံထားရာမှ၊ နောက်ပိုင်းတွင် ၁၅ သိန်း၊ ၁၆ သိန်းအထိ ဈေးတက်လာသဖြင့် ငွေကြေးလိုအပ်ချက်ရှိသည့် တောင်သူအချို့သာ ဝမ်းစာချန်၍ ရောင်းချခဲ့ကြသည်။ လက်ရှိတွင် ပွဲစားများက တင်း ၁၀၀ လျှင် ၁၈ သိန်း၊ ၁၉ သိန်းအထိ ဈေးတိုးပေးလာသော်လည်း ရောင်းသူနည်းပါးနေဆဲ ဖြစ်သည်။စိုက်ပျိုးရေးအခြေအနေတွင် ယခုနှစ်၌ မိုးရွာသွန်းမှုနောက်ကျသဖြင့် ဆည်ရေရသည့်နေရာများမှလွဲ၍ ကျန်လယ်ကွင်းများတွင် ထယ်ရေးပြင်ထားရုံသာရှိသေးပြီး စပါးမစိုက်နိုင်ကြသေးပေ။ ဆန်ဈေးကွက်တွင်မူ ပြီးခဲ့သည့်မေလက ဆန်တစ်အိတ်လျှင် ၁ သောင်းကျပ်ခန့် ဈေးတက်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ဈေးငြိမ်နေကြောင်း ဆန်ရောင်းသူများထံမှ သိရသည်။
နေပြည်တော်တွင် စပါးဈေးကွက်ဝယ်လိုအားရှိသော်လည်း ဈေးကောင်းစောင့်ဆိုင်းရန် တောင်သူများ စပါးထုတ်မရောင်းကြသေး
Jun 11 • 3:18 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 82 | 0 | 0 | 0 |


