back

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးလမ်းတွင် ကားနှစ်စီးတိုက်မိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

Jun 11 • 2:47 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးလမ်းတွင် ကားနှစ်စီးတိုက်မိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွား ကားလမ်းမကြီး၊ ခင်မွန်ကျေးရွာအနီးတွင် ဇွန်လ ၁၀ ရက် နေ့လယ် ၃ နာရီခွဲကျော်ခန့်က ကားနှစ်စီး တိုက်မိမှ...

စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွား ကားလမ်းမကြီး၊ ခင်မွန်ကျေးရွာအနီးတွင် ဇွန်လ ၁၀ ရက် နေ့လယ် ၃ နာရီခွဲကျော်ခန့်က ကားနှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။အဆိုပါဖြစ်စဉ်ကြောင့် ချောင်းဦးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ကြပြီး၊ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို မြန်မာနိုင်ငံကယ်ဆယ်ရေးအသင်းက ရွှေမြင့်မိုရ်ဆေးရုံနှင့် ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

24