back

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ၂၀၃၀ ကမ္ဘာ့ဖလားအထိ ကစားနိုင်စွမ်းရှိဟု ရောဘတ်တိုကားလို့စ် သုံးသပ်

Jun 11 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ၂၀၃၀ ကမ္ဘာ့ဖလားအထိ ကစားနိုင်စွမ်းရှိဟု ရောဘတ်တိုကားလို့စ် သုံးသပ်

ဘရာဇီးလ်နောက်ခံလူဟောင်း ရောဘတ်တိုကားလို့စ်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် မိမိကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သဖြင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ...

ဘရာဇီးလ်နောက်ခံလူဟောင်း ရောဘတ်တိုကားလို့စ်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် မိမိကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သဖြင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိပင် အခက်အခဲမရှိ ဆက်လက်ကစားနိုင်စွမ်းရှိကြောင်း အာဂျင်တီးနားသတင်းစာ Ole နှင့် အင်တာဗျူးတွင် သုံးသပ်ပြောကြားခဲ့သည်။မက်ဆီအနေဖြင့် မကြာမီကျင်းပတော့မည့် ၂၀၂၆ ကမ္ဘာ့ဖလားသည် ၎င်း၏နောက်ဆုံးပြိုင်ပွဲဖြစ်သည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိသော်လည်း ဘောလုံးလောကသားအများစုက ယင်းပြိုင်ပွဲကို မက်ဆီ၏နောက်ဆုံးပွဲဟု မှတ်ယူထားကြသည်။ သို့သော် ရောဘတ်တိုကားလို့စ်ကမူ မက်ဆီသည် မြင့်မားသည့်စွမ်းရည်ရှိပြီး အရမ်းဂရုစိုက်တတ်သူဖြစ်သောကြောင့် နောက်တစ်ကြိမ် ကမ္ဘာ့ဖလားအထိပါ ပွဲစဉ်များ ပိုမိုကစားနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

လက်ရှိတွင် မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် ၁၉၉ ပွဲ ကစားပေးထားပြီး ၁၁၇ ဂိုး သွင်းယူပေးထားသည်။ ထို့အပြင် ကားလို့စ်က လက်ရှိဘရာဇီးလ်အသင်းအနေဖြင့်လည်း နေမာကို မဖြစ်မနေ လိုအပ်နေသေးကြောင်း ထည့်သွင်းသုံးသပ်ခဲ့သည်။

news-view-count-icon

94