၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မည်သည့်အသင်း ဗိုလ်စွဲမည်နည်းဟူသည့်အပေါ် BBC သတင်းဌာန၏ ဘောလုံးသုံးသပ်သူ ၁၇ ဦးက ခန့်မှန်းခဲ့ကြရာ ပြင်သစ်အသင်းကို ရွေးချယ်သူ အများဆုံးရှိခဲ့ကြောင်း သိရသည်။BBC ၏ သုံးသပ်သူ ၁၇ ဦးအနက် ပြင်သစ်အသင်း ဗိုလ်စွဲမည်ဟု ၉ ဦး (ဂျရူး၊ အလန်ရှီးယား၊ ခရစ္စဆပ်တန် အစရှိသူတို့) က ရွေးချယ်ခဲ့ပြီး၊ အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ၇ ဦး (ရွန်နီ၊ ဂျိုးဟတ် အစရှိသူတို့) နှင့် စပိန်အသင်း ဗိုလ်စွဲမည်ဟု ၁ ဦး (မီကာရစ်ချတ်စ်) သာ ခန့်မှန်းခဲ့ကြသည်။သို့သော် လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုတွင်မူ စပိန်အသင်းက (၅:၁) ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး၊ ပြင်သစ်က (၆:၁)၊ အင်္ဂလန်က (၈:၁)၊ ပေါ်တူဂီက (၉:၁) ဖြင့် အစဉ်လိုက် ရှိနေသည်။ ထို့အတူ Opta ၏ စူပါကွန်ပျူတာ ခန့်မှန်းချက်တွင်လည်း စပိန်အသင်းက ဗိုလ်စွဲရန် အလားအလာအကောင်းဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ပြင်သစ်၊ အင်္ဂလန်၊ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့က အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။
Jun 11 • 2:03 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


