back

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်မှ တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံး

Jun 11 • 2:01 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်မှ တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ ဆီဒိုးနားဟိုတယ်ပေါ်မှ တရုတ်နိုင်ငံသားအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့...

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ ဆီဒိုးနားဟိုတယ်ပေါ်မှ တရုတ်နိုင်ငံသားအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။အဆိုပါဖြစ်စဉ်ကြောင့် ရုပ်အလောင်းအား မိုးစေတနာပရဟိတအသင်းက ရဲဆေးစာဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရပြီး၊ လမ်းပိတ်ဆို့မှုအချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူအချို့၏ ရေးသားချက်များအရ အဆိုပါအမျိုးသားသည် အချစ်ရေးအဆင်မပြေမှုကြောင့် ဟိုတယ်၏ ၂၉ လွှာ ကော်ရစ်တာမှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြကြသော်လည်း၊ အဆိုပါဖြစ်စဉ်မှာ အမှန်တကယ် ခုန်ချအဆုံးစီရင်ခြင်း ဟုတ်၊ မဟုတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

news-view-count-icon

29