back

တနင်္သာရီတိုင်း၊ထားဝယ်တွင် ဖျက်မိုးနည်းသဖြင့် ယခုနှစ် ဆားအထွက်နှုန်း သိသိသာသာ ကောင်းမွန်လာ

Jun 11 • 2:00 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ထားဝယ်တွင် ဖျက်မိုးနည်းသဖြင့် ယခုနှစ် ဆားအထွက်နှုန်း သိသိသာသာ ကောင်းမွန်လာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ယခုနှစ် ဆားထုတ်လုပ်သည့်ရာသီ (အောက်တိုဘာမှ မေလ) အတွင်း နွေမိုးနှင့် ဖျက်မိုးနည်းပါးခဲ့သဖြင့် ငါးနှစ်တာကာလအတွင်း ဆားအထွက်...

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ယခုနှစ် ဆားထုတ်လုပ်သည့်ရာသီ (အောက်တိုဘာမှ မေလ) အတွင်း နွေမိုးနှင့် ဖျက်မိုးနည်းပါးခဲ့သဖြင့် ငါးနှစ်တာကာလအတွင်း ဆားအထွက်နှုန်း အကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ထားဝယ်မြို့မှ ဆားလုပ်ငန်းရှင် ဦးသန်းဝင်း၏ ပြောပြချက်အရ ယခင်နှစ်များက ရာသီဥတုမကောင်းသဖြင့် ဧက ၂၀၀ ရှိ ဆားကွင်းနှစ်ကွင်းမှ ဆားပိဿာချိန် ၁၃ သိန်းမှ ၁၈ သိန်းခန့်သာ ထွက်ခဲ့သော်လည်း၊ ယခုနှစ်တွင် ပိဿာချိန် ၂၅ သိန်းခန့်အထိ တိုးထွက်ခဲ့သည်။ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ် (ကံပေါက်) ဒေသတို့တွင်လည်း ဆားအထွက်ကောင်းခဲ့သည်။သို့သော် ယခုနှစ်တွင် အလုပ်သမားရှားပါးမှု၊ ထင်းအခက်အခဲနှင့် ဆားထုတ်ချိန်နောက်ကျမှုတို့ကြောင့် ဆားစိုက်ဧကကို လျှော့ချခဲ့ရသည်။ ဧက လျှော့ချခဲ့သော်လည်း အထွက်နှုန်းကောင်းသဖြင့် စုစုပေါင်း ဆားထွက်ရှိမှုမှာ ယခင်နှစ် ပမာဏနီးပါး ရရှိခဲ့သည်။လက်ရှိ ဆားဈေးနှုန်းမှာ ယမန်နှစ်အတိုင်း သိသိသာသာ ပြောင်းလဲမှုမရှိဘဲ နေလှန်းဆား လက်ကားဈေး တစ်ပိဿာလျှင် ၁,၁၀၀ ကျပ်နှင့် မီးချက်ဆား တစ်ပိဿာလျှင် ၁,၅၀၀ ကျပ် ဝန်းကျင် ရှိကြောင်း သိရသည်။

news-view-count-icon

37