ရန်ကုန်၌ လာမည့် ဇူလိုင်လ ၁၀ ရက်နေ့မှစတင်၍ CNG ဝယ်ယူခွင့်စာအုပ် မပါရှိသည့် YBS ယာဉ်များကို CNG ဓာတ်ငွေ့ ဖြည့်သွင်းရောင်းချပေးမည်မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက ထုတ်ပြန်ထားသည်။ထို့ကြောင့် YBS ယာဉ်များအနေဖြင့် သတ်မှတ်ရက်မှစ၍ CNG အရောင်းဆိုင်များတွင် ဓာတ်ငွေ့ဖြည့်သွင်းသည့်အခါ ဝယ်ယူခွင့်စာအုပ်ကို ယာဉ်နှင့်အတူ မဖြစ်မနေ ယူဆောင်လာရမည် ဖြစ်သည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ CNG ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် မှတ်တမ်းတကျ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။
Jun 11 • 1:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 50 | 0 | 0 | 0 |


