back

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ပိတ်သိမ်းနေ

Jun 10 • 10:49 AM

breaking-news

မြန်မာ

မွန်

cover

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ပိတ်သိမ်းနေ

လာမည့် ဇူလိုင်လအတွင်း ပြေးဆွဲမည့် ရန်ကုန်-မော်လမြိုင် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန်အတွက် ရထာ...

လာမည့် ဇူလိုင်လအတွင်း ပြေးဆွဲမည့် ရန်ကုန်-မော်လမြိုင် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန်အတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ပိတ်သိမ်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များသည် ဇွန်လ ၈ ရက်နေ့မှစတင်ကာ အဆိုပါလမ်းပိုင်းရှိ တရားမဝင်ရထားလမ်းကူးနေရာများကို လိုက်လံပိတ်သိမ်းနေခြင်းဖြစ်ပြီး၊ တရားဝင်ခွင့်ပြုထားသော လမ်းကူးနေရာများကိုမူ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

32