back

အစိုးရကျောင်းဆရာ/ဆရာမများ အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ညွှန်ကြားထားပြီး တိုင်ကြားပါက အရေးယူမည်

Jun 10 • 10:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အစိုးရကျောင်းဆရာ/ဆရာမများ အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ညွှန်ကြားထားပြီး တိုင်ကြားပါက အရေးယူမည်

အစိုးရအခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများကို အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ခံဝန်ကတိဖြင့် တားမြစ်ညွှန်ကြားထားပြီးဖြစ်ရာ မိဘများထံမှ တိုင်ကြားမှုရှိလာပါက စိစစ်အရ...

အစိုးရအခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများကို အခကြေးငွေဖြင့် ကျူရှင်မသင်ရန် ခံဝန်ကတိဖြင့် တားမြစ်ညွှန်ကြားထားပြီးဖြစ်ရာ မိဘများထံမှ တိုင်ကြားမှုရှိလာပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံက သိရသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ပြီးနောက် တောင်ကြီးမြို့အပါအဝင် ကျောင်းအချို့ရှိ ဆရာမများက တစ်လလျှင် ၅၀,၀၀၀ ကျပ်ခန့်ဖြင့် ကျူရှင်သင်ကြားနေပြီး၊ ၎င်းတို့ထံ ကျူရှင်မတက်သည့် ကလေးများကို ခွဲခြားဆက်ဆံခြင်းနှင့် စာမေးပွဲမေးခွန်း အသာစီးပေးမည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း ကျောင်းသားမိဘများက ပြောဆိုကြသည်။ ပညာရေးဌာနဘက်ကမူ ကျောင်းသားများအတွက် လိုအပ်ချက်အရ အခကြေးငွေမယူဘဲ အချိန်ပိုသင်ကြားပေးခြင်းမျိုးသာ ခွင့်ပြုထားပြီး၊ အခကြေးငွေဖြင့် ကျူရှင်သင်ကြားခြင်းသည် မူဝါဒလမ်းညွှန်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း အသိပေးထားသည်။

news-view-count-icon

99