မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် မြစ်ရေတက်လာမှုအပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရေလမ်းညွှန်အမှတ်အသားများ ပြသထားမည်ဖြစ်သော်လည်း ရာသီဥတုဒဏ်ကြောင့် အချို့အမှတ်အသားများ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် အထူးဂရုပြုခုတ်မောင်းကြရန် ဖော်ပြထားသည်။ ထို့ပြင် ရေများကာလတွင် ရေစီးသန်ခြင်း၊ ဝဲလှည့်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် ရေနည်းကာလ၌ ပေါ်ထွန်းခဲ့သော သောင်နှင့် ကျွန်းများ ရေမြုပ်သွားကာ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ 
Jun 10 • 9:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


