ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် ပျောက်ဆုံးနေသည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားငယ်တစ်ဦး၏ ရုပ်အလောင်းကို ဒဏ်ရာများနှင့်အတူ ပြန်လည်တွေ့ရှိခဲ့ကြောင်း ရပ်မိရပ်ဖများနှင့် မိသားစုဝင်များထံမှ သိရသည်။အဆိုပါ ကလေးငယ်သည် ဇွန်လ ၈ ရက် ညနေပိုင်းတွင် ကျောင်းဆင်း၍ နေအိမ်သို့ ပြန်ရောက်လာပြီးနောက်၊ ညနေ ၄ နာရီခွဲခန့်တွင် အပြင်သို့ ရုတ်တရက် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိသားစုဝင်များက လူမှုကွန်ရက်နှင့် နေရာအနှံ့တွင် အသည်းအသန် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရပေ။ထို့နောက် ဇွန်လ ၁၀ ရက် (ယနေ့) တွင် မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက်ရှိ ကန်ဘောင်အနီးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ဒဏ်ရာဒဏ်ချက်များနှင့်အတူ စိတ်မကောင်းဖွယ် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။အနေအေးသည့် ၎င်း၏တူဖြစ်သူအား ရက်ရက်စက်စက် လုပ်ရက်ကြသဖြင့် ဝမ်းနည်းကြေကွဲရကြောင်း မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားပြီး၊ အဆိုပါ ကလေးငယ်၏ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက် (ယနေ့) တွင်ပင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ မြောက်ဒဂုံတွင် ပျောက်ဆုံးနေသည့် (၁၃) နှစ်အရွယ် ကလေးငယ်ကို ဒဏ်ရာများနှင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ
Jun 10 • 9:18 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 48 | 0 | 0 | 0 |


