ရန်ကုန်ဘတ်စကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ပြေးဆွဲနေသည့် တွံတေး-ဒလ YBS ယာဉ်လိုင်းတွင် လာမည့် ဇွန်လ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ ယာဉ်စီးခကောက်ခံမှုကို ငွေပုံးများမထားတော့ဘဲ ကတ်စနစ် (YPS) တစ်ခုတည်းဖြင့်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါယာဉ်လိုင်းသည် တွံတေးမြို့ ရွှေဆံတော်ဘုရားမှ ဒလချယ်ရီဂိတ်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နာရီဝက်ခြားတစ်စီး (လက်ရှိ ယာဉ် ၁၀ စီးဖြင့်) ပြေးဆွဲပေးနေပြီး၊ ယာဉ်စီးခမှာ ဂိတ်စ-ဂိတ်ဆုံး ငွေသားဖြင့်စီးပါက ၈၀၀ ကျပ် ကျသင့်သော်လည်း ကတ်စနစ်ဖြင့်စီးပါက ၇၀၀ ကျပ် ဖြစ်သဖြင့် ၁၀၀ ကျပ် သက်သာမည်ဖြစ်သည်။ သို့သော်လည်း ရွာစဉ်အလိုက် စီးနင်းမည့် ခရီးသည်များအတွက် ကတ်ဝယ်ယူရန် အခက်အခဲရှိနိုင်သဖြင့် ရန်ကုန်မြို့တွင်းကဲ့သို့ ငွေပုံးနှင့် ကတ်စနစ် နှစ်မျိုးစလုံး ထားရှိပေးစေလိုကြောင်း ဒေသခံခရီးသည်များက အကြံပြုထားသည်။
တွံတေး-ဒလ YBS ယာဉ်လိုင်းတွင် ဇွန်လ ၂၀ ရက်နောက်ပိုင်းမှစ၍ ငွေပုံးများဖယ်ရှားကာ ကတ်စနစ်တစ်ခုတည်းဖြင့်သာ ပြောင်းလဲပြေးဆွဲမည်
Jun 10 • 8:22 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 32 | 0 | 0 | 0 |


