ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ တကောင်း (၁) လမ်းတွင် ဇွန်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်အချိန်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ အဆိုပါနေရာတွင် သစ်ပင်လဲကျကာ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာ၍ ယာဉ်နှင့် လူသူသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တကောင်း(၁)လမ်းတွင် သစ်ပင်လဲကျသဖြင့် မီးသတ်တပ်ဖွဲ့က ရှင်းလင်းရေးလုပ်ဆောင်
Jun 10 • 8:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


