back

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းတွင် ထရန်စဖော်မာ ကြေးကြိုးခိုးယူသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

Jun 10 • 8:19 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းတွင် ထရန်စဖော်မာ ကြေးကြိုးခိုးယူသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဇွန်လ ၉ ရက် ညနေပိုင်းက လျှပ်စစ်ထရန်စဖော်မာပေါ်ရှိ ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဇွန်လ ၉ ရက် ညနေပိုင်းက လျှပ်စစ်ထရန်စဖော်မာပေါ်ရှိ မိုးကြိုးလွှဲကြေးကြိုးကို ပလာယာဖြင့် ဖြတ်တောက်ခိုးယူရန် ကြိုးပမ်းသူ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်တွင် မီးလောင်ကျွမ်းကာ ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်း၌ သေမှုသေခင်း ဖွင့်လှစ်ကာ အမှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

34