back

အမေရိကန်က Alibaba၊ BYD နှင့် Baidu တို့ကို တရုတ်စစ်တပ်နှင့် ပတ်သက်သည့် Blacklist စာရင်းထဲ ထည့်သွင်း

Jun 10 • 8:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်က Alibaba၊ BYD နှင့် Baidu တို့ကို တရုတ်စစ်တပ်နှင့် ပတ်သက်သည့် Blacklist စာရင်းထဲ ထည့်သွင်း

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တရုတ်စစ်တပ်ကို ပံ့ပိုးနေသည်ဟူသော စွပ်စွဲချက်ဖြင့် နာမည်ကြီး Alibaba၊ BYD နှင့် Baidu အပါအဝင် တရုတ်ကုမ္ပဏီပေါင်း ၁၈၈ ခုအထိ (ယခင် ၁၃...

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တရုတ်စစ်တပ်ကို ပံ့ပိုးနေသည်ဟူသော စွပ်စွဲချက်ဖြင့် နာမည်ကြီး Alibaba၊ BYD နှင့် Baidu အပါအဝင် တရုတ်ကုမ္ပဏီပေါင်း ၁၈၈ ခုအထိ (ယခင် ၁၃၄ ခုမှ) တိုးမြှင့်ကာ Blacklist စာရင်းသွင်းလိုက်ပြီး၊ လာမည့် ဇွန်လကုန်မှစ၍ အမေရိကန်စစ်တပ် ကာကွယ်ရေးစာချုပ်များနှင့် တင်ဒါများတွင် ပါဝင်ခွင့် လုံးဝပိတ်ပင်လိုက်ကြောင်း သိရသည်။ ယခုပိတ်ဆို့မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းတွင် တွေ့ဆုံဆွေးနွေးပြီး တစ်လမပြည့်မီ ထွက်ပေါ်လာခြင်းဖြစ်၍ သံတမန်ရေးကို ထိခိုက်စေခဲ့ရာ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက နိုင်ငံတော်လုံခြုံရေးခေါင်းစဉ်ဖြင့် ဗိုလ်ကျစိုးမိုးခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။ တစ်ဖက်တွင်လည်း CIA အမျိုးသားလုံခြုံရေးကျွမ်းကျင်သူဟောင်း ဒန်းနစ် ဝိုင်လ်ဒါက အမေရိကန်ကုမ္ပဏီများနှင့် ကုန်သွယ်ရေးအရ နက်ရှိုင်းစွာ ပတ်သက်နေသဖြင့် ပုဂ္ဂလိကကုမ္ပဏီများကို လိုက်လံပိတ်ဆို့ခြင်းမှာ လက်တွေ့တွင် ထိရောက်မှုမရှိဘဲ ပြည်တွင်းနိုင်ငံရေးအတွက် ဟန်ပြလုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု သုံးသပ်ထားသည်။

news-view-count-icon

44