back

ရထားလက်မှတ်များကို Social Media မှတစ်ဆင့် အပိုဝန်ဆောင်ခယူ၍ ရောင်းချနေမှုများအား တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု မြန်မာ့မီးရထား သတိပေး

Jun 10 • 8:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရထားလက်မှတ်များကို Social Media မှတစ်ဆင့် အပိုဝန်ဆောင်ခယူ၍ ရောင်းချနေမှုများအား တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု မြန်မာ့မီးရထား သတိပေး

မြန်မာ့မီးရထား၏ အွန်လိုင်းရထားလက်မှတ်ဝယ်ယူမှုစနစ် (Online Railway Ticket Prospect - ORTP) ကို အသုံးပြု၍ TikTok၊ Facebook၊ Telegram နှင့် Viber စသည့် Social Medi...

မြန်မာ့မီးရထား၏ အွန်လိုင်းရထားလက်မှတ်ဝယ်ယူမှုစနစ် (Online Railway Ticket Prospect - ORTP) ကို အသုံးပြု၍ TikTok၊ Facebook၊ Telegram နှင့် Viber စသည့် Social Media များမှတစ်ဆင့် အပိုဝန်ဆောင်ခကောက်ခံကာ လက်မှတ်ဝယ်ယူပေးနေမှုများကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတိပေးထုတ်ပြန်လိုက်သည်။မြန်မာ့မီးရထားသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ အမြန်ရထားများအတွက် ORTP စနစ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး၊ လက်မှတ်တစ်စောင်လျှင် တင်ဒါအောင်ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဝန်ဆောင်ခ ကျပ် ၂၀၀ နှင့် ဘဏ်ငွေလွှဲခများကိုသာ ကောက်ခံခွင့်ပြုထားခြင်းဖြစ်သည်။

news-view-count-icon

36