back

မော်လမြိုင်ရထားလမ်းပိုင်းရှိ တရားမဝင် ရထားလမ်းကူး ၁၄၀ ကျော်ကို ပိတ်ဆို့သွားမည်

Jun 10 • 8:09 AM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်ရထားလမ်းပိုင်းရှိ တရားမဝင် ရထားလမ်းကူး ၁၄၀ ကျော်ကို ပိတ်ဆို့သွားမည်

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် DEMU အမြန်ရထားပြေးဆွဲတော့မည်ဖြစ်ရာ တရားမဝင်လမ်းကူးမှုကြောင့် ရထားတိုက်မိပြီး သေဆုံး၊ ဒဏ်ရာရမှုများ လျော့ကျစေရန်အတွက် ဇွန်လ...

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် DEMU အမြန်ရထားပြေးဆွဲတော့မည်ဖြစ်ရာ တရားမဝင်လမ်းကူးမှုကြောင့် ရထားတိုက်မိပြီး သေဆုံး၊ ဒဏ်ရာရမှုများ လျော့ကျစေရန်အတွက် ဇွန်လ ၈ ရက်နေ့မှစ၍ တရားမဝင် ရထားလမ်းကူးများကို လိုက်လံပိတ်ဆို့သွားမည်ဖြစ်ကြောင်း သိရသည်။ မော်လမြိုင်ရထားလမ်းပိုင်း (သိမ်ဇရပ်မှ မော်လမြိုင်အထိ) တွင် ရထားလမ်းကူး စုစုပေါင်း ၁၅၇ ခုရှိသည့်အနက် တရားဝင်လမ်းကူးဂိတ် ၁၆ ခုသာရှိပြီး ကျန်ရှိသည့် တရားမဝင်လမ်းကူးနေရာများထဲမှ မလိုအပ်သည့် နေရာများကို ပိတ်ဆို့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမင်းဇေယျာဦးက ဇွန်လ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားခဲ့သည်။

news-view-count-icon

22