back

ဖိလစ်ပိုင်ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦးထက်မနည်းရှိလာ

Jun 10 • 8:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦးထက်မနည်းရှိလာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် ‌သေဆုံးသူ ၃၇ ဦးထက်မနည်းရှိလာပြီး လူရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ငလျင်ဒဏ်က...

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် ‌သေဆုံးသူ ၃၇ ဦးထက်မနည်းရှိလာပြီး လူရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ဂျင်နရယ်ဆန်းတို့စ်စီးတီးရှိ စီးပွားရေးအဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ အပျက်အစီးများအောက်တွင် လူနှစ်ဦး ပိတ်မိနေဆဲဖြစ်နိုင်ကြောင်း ယုံကြည်ရသဖြင့် ကယ်ဆယ်ရေးသမားများက ဇွန် ၁၀ ရက်တွင် ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ကုန်စုံဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ထားသည့် အဆိုပါအဆောက်အအုံ၏ အပျက်အစီးများအောက်မှ လူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း အခြားတစ်ဦးကို ‌ေ-သဆုံးလျက် တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဦးဆောင်သူ မီးသတ်အရာရှိ အက်ဂါ တာနာဝမ်က ရို-က်တာသတင်းဌာနသို့ ပြောကြားသည်။စကင်ဖတ်စစ်ဆေးမှုများအရ ပိတ်မိနေသူနှစ်ဦးထံမှ အသက်ရှင်သန်နေသည့် လက္ခဏာများကို လက်ရှိအချိန်အထိ မတွေ့ရသေးကြောင်းလည်း ၎င်းက ပြောသည်။

news-view-count-icon

34