back

မွန်ပြည်နယ်၊ သထုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြင်ဆင်နေမှု ဩဂုတ်လတွင် ပြီးစီးရန် ဆောင်ရွက်နေ

Jun 10 • 8:02 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ သထုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြင်ဆင်နေမှု ဩဂုတ်လတွင် ပြီးစီးရန် ဆောင်ရွက်နေ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လာမည့် ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်း...

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လာမည့် ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်ရုံရှိ ရေနွေးငွေ့တာဘိုင် (Steam Turbine) တစ်လုံးကို ပြုပြင်ထိန်းသိမ်းမှုများ ပြီးစီးထားပြီးဖြစ်ကာ ကျန်ရှိသည့် ဂတ်စ်တာဘိုင် (Gas Turbine) တစ်လုံးကို တရုတ်နိုင်ငံ၌ ပို့ဆောင်ပြင်ဆင်လျက်ရှိသည်။ အဆိုပါ စက်ရုံကို ဩဂုတ်လအတွင်း အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား ၁၁၈ ဒဿမ ၉ မဂ္ဂါဝပ် (118.9 MW) အထိ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လာမည့် ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်ရုံရှိ ရေနွေးငွေ့တာဘိုင် (Steam Turbine) တစ်လုံးကို ပြုပြင်ထိန်းသိမ်းမှုများ ပြီးစီးထားပြီးဖြစ်ကာ ကျန်ရှိသည့် ဂတ်စ်တာဘိုင် (Gas Turbine) တစ်လုံးကို တရုတ်နိုင်ငံ၌ ပို့ဆောင်ပြင်ဆင်လျက်ရှိသည်။ အဆိုပါ စက်ရုံကို ဩဂုတ်လအတွင်း အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား ၁၁၈ ဒဿမ ၉ မဂ္ဂါဝပ် (118.9 MW) အထိ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

26