back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လမ်းများနှစ်ရှည်ကြာ ပျက်စီးနေသော်လည်း ပြုပြင်ပေးခြင်းမရှိသဖြင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေ

Jun 10 • 6:44 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လမ်းများနှစ်ရှည်ကြာ ပျက်စီးနေသော်လည်း ပြုပြင်ပေးခြင်းမရှိသဖြင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်အတွင်းရှိ ပန်းတင်လမ်းမကြီးနှင့် လွယ်ခမ်းလမ်းအပါအဝင် လမ်းအများစုမှာ နှစ်ရှည်လများ ဆိုးရွားစွာ ပျက်စီးနေသော...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်အတွင်းရှိ ပန်းတင်လမ်းမကြီးနှင့် လွယ်ခမ်းလမ်းအပါအဝင် လမ်းအများစုမှာ နှစ်ရှည်လများ ဆိုးရွားစွာ ပျက်စီးနေသော်လည်း သက်ဆိုင်ရာက ပြုပြင်ပေးခြင်းမရှိသဖြင့် ဒေသခံများ နေ့စဉ်သွားလာရေး အခက်အခဲကြုံတွေ့နေရသည်။လမ်းများတွင် ချိုင့်ခွက်ကြီးငယ်များ များပြားနေသည့်အပြင် စနစ်တကျ ရေမြောင်းများမရှိသဖြင့် မိုးရွာပါက လမ်းပေါ်သို့ ရေလျှံကာ ပိုမိုပျက်စီးလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ ဘတ်ဂျက်ရရှိသဖြင့် လမ်း ပြန်လည်ပြုပြင်ပေးမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိ ၂၀၂၆ ခုနှစ် မိုးရာသီအစအထိ တစ်စုံတစ်ရာ ပြုပြင်ပေးခြင်း မရှိသေးပေ။လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရွှံ့ဗွက်ထခြင်းနှင့် ရေကြီးခြင်းများဖြစ်ပေါ်ကာ ကျောင်းသားများနှင့် ဒေသခံများ သွားလာရေး ပိုမိုဆိုးရွားလာမည်ကို ရပ်ကွက်နေပြည်သူများက စိုးရိမ်နေကြသည်။

news-view-count-icon

25