ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ပန်ယုတ်ကျေးရွာတွင် ယမန်နေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီဝန်းကျင်က နေအိမ်ဘေးရှိ သစ်ပင်လဲကျပိမိမှုကြောင့် ၄ နှစ်အရွယ် အမွှာကလေးငယ်နှစ်ဦးအနက် မိန်းကလေးဖြစ်သူ သေဆုံးသွားပြီး ကျန်အမွှာမောင်လေးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။သစ်ပင်သည် နေအိမ်ပေါ်သို့ လဲကျခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား နမ့်ခမ်းဆေးရုံမှတစ်ဆင့် မူဆယ်ဆေးရုံသို့ လွှဲပြောင်းကုသရန် သွားရောက်စဉ် လမ်း၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူ အမျိုးသမီးကြီး ၂ ဦးနှင့် ကလေးငယ်အား လက်ရှိတွင် နမ့်ခမ်းဆေးရုံ၌ ဆေးကုသမှု ပေးထားကြောင်း သိရသည်။လက်ရှိရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ညောင်ရွှေမြို့တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး၊ ဇွန်လ ၈ ရက်နေ့ကလည်း တန့်ယန်းမြို့တွင် မြေပြိုမှုဖြစ်ပွားကာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေပိသေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် သစ်ပင်လဲကျပိမိမှုကြောင့် ၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
Jun 10 • 3:52 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


