တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်အတွင်းရှိ ရော်ဘာနှင့် ကွမ်းသီးဥယျာဉ်ခြံများ၌ ခြံရှင်းလင်းခ (တောထွင်ခ) ဈေးနှုန်းများ ထပ်မံမြင့်တက်လာပြီး ခြံရှင်းစက်နှင့် စက်သုံးဆီအပြီးအစီး တစ်ရက်ငှားရမ်းခမှာ ကျပ် ၈၀,၀၀၀ အထိ ဖြစ်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကုန်ပိုင်းအထိ လူနှင့်စက် (စက်သုံးဆီအပါအဝင်) တစ်ရက်ငှားရမ်းခမှာ ကျပ် ၄၅,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး အချို့ရွာများတွင် ကျပ် ၆၀,၀၀၀ ထိ ပေးခဲ့ရသော်လည်း ယခုနှစ်တွင် ဈေးနှုန်း သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။ ခြံရှင်က စက်သုံးဆီ သီးသန့်စိုက်ထုတ်ပေးမည်ဆိုပါက တစ်ရက်လျှင် လုပ်အားခ ကျပ် ၅၀,၀၀၀ ပေးရပြီး၊ စက်ဖြင့်မဟုတ်ဘဲ ဓားဖြင့်ခုတ်ထွင်ရသည့် နေ့စားအလုပ်သမားခမှာလည်း ပြီးခဲ့သည့်နှစ်က ကျပ် ၃၀၀၀၀ မှ ယခုနှစ်တွင် ကျပ် ၄၀,၀၀၀ အထိ ဈေးတက်သွားကြောင်း ဒေသခံခြံရှင်တစ်ဦးက ဆိုသည်။လက်ရှိတွင် လုပ်ငန်းကျွမ်းကျင်သည့် အမျိုးသားအလုပ်သမား ရှားပါးလာသဖြင့် ခြံရှင်များအနေဖြင့် အလုပ်သမားတောင်းဆိုသည့် ဈေးနှုန်းအတိုင်း ပေး၍ ငှားရမ်းနေရပြီး၊ ငွေကြေးမတတ်နိုင်သည့် ခြံရှင်အချို့မှာမူ ပုံမှန်တစ်နှစ် နှစ်ကြိမ် ခြံရှင်းရာမှ ယခုအခါ တစ်နှစ်လျှင် တစ်ကြိမ်သာ တောထွင်နိုင်တော့ကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် ဥယျာဉ်ခြံတောထွင်ခ ဈေးနှုန်းများ မြင့်တက်လာပြီး တစ်ရက်လျှင် ကျပ် ၈၀,၀၀၀ ထိ ပေါက်ဈေးရှိလာ
Jun 10 • 3:51 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 20 | 0 | 0 | 0 |


