back

ရှမ်း-ကရင်နီနယ်စပ်တွင် စားနပ်ရိက္ခာအတွက် တောင်ယာစပါး စိုက်ပျိုးသူ ပိုမိုများပြားလာ

Jun 10 • 3:23 AM

breaking-news

မြန်မာ

ကယား

cover

ရှမ်း-ကရင်နီနယ်စပ်တွင် စားနပ်ရိက္ခာအတွက် တောင်ယာစပါး စိုက်ပျိုးသူ ပိုမိုများပြားလာ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးရှိ နေရပ်စွန့်ခွာခဲ့ရသူများသည် နယ်မြေမတည်ငြိမ်မှုများကြောင့် လယ်ယာမြေများကို စွန့်ခွာခဲ့ရပြီးနောက်၊ ပြင်ပထောက်ပံ့မှုများ လျော...

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးရှိ နေရပ်စွန့်ခွာခဲ့ရသူများသည် နယ်မြေမတည်ငြိမ်မှုများကြောင့် လယ်ယာမြေများကို စွန့်ခွာခဲ့ရပြီးနောက်၊ ပြင်ပထောက်ပံ့မှုများ လျော့နည်းလာခြင်းကြောင့် စားဝတ်နေရေးအတွက် တောင်ယာစပါးကို တစ်နိုင်တစ်ပိုင် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြသည်။တောင်ယာစပါးသည် လယ်စပါးထက် အထွက်နှုန်း သိသိသာသာ နည်းပါးပြီး မျိုးစေ့ ၂ အိတ်စိုက်လျှင် စပါး ၅ အိတ်ခန့်သာ ပြန်ထွက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် ရွှေ့ပြောင်းတောင်ယာမဟုတ်သော်လည်း မြေဆီလွှာညံ့ဖျင်းလာ၍ မြေသြဇာ ပိုမိုသုံးစွဲနေရကြောင်း သိရသည်။

news-view-count-icon

39