back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကွင်းဆင်း၍ မှတ်ပုံတင်နှင့် UID စမတ်ကတ် ပြုလုပ်ပေး

Jun 10 • 3:21 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကွင်းဆင်း၍ မှတ်ပုံတင်နှင့် UID စမတ်ကတ် ပြုလုပ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို "လမင်းစီမံချက်" ဖြင့် နိုင်ငံသ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့က တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စုရှိ ပင်တခွါး အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အခမဲ့ဖြစ်သော်လည်း စာရွက်စာတမ်းကြေး ကျပ် ၁ သောင်းခန့် ကုန်ကျမှုရှိပြီး ကျောင်းသားမိဘများအတွက် သွားလာရသက်သာကာ အဆင်ပြေမှုရှိခဲ့ကြောင်း သိရသည်။အဆိုပါ လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုကို တောင်ကြီးမြို့နယ်အတွင်း လာမည့် ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ မှတ်ပုံတင် လျှောက်ထားလိုသူများအနေဖြင့် အိမ်ထောင်စုဇယားနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာတို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

39