ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် DEMU အမြန်ရထားသစ်များ ပြေးဆွဲတော့မည်ဖြစ်သောကြောင့် လမ်းပိုင်းအတွင်းရှိ တရားမဝင် ရထားလမ်းကူးနေရာများကို လိုက်လံပိတ်ဆို့သွားမည်ဖြစ်ကြောင်း သိရသည်။မော်လမြိုင်ရထားလမ်းပိုင်း (သိမ်ဇရပ်မှ မော်လမြိုင်အထိ) တွင် ရထားလမ်းကူးပေါင်း ၁၅၇ ခုရှိသည့်အနက် တရားဝင်ရထားလမ်းကူးဂိတ် ၁၆ ခုသာရှိကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမင်းဇေယျာဦးက ဇွန်လ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။ထို့ကြောင့် ဒေသခံများအတွက် အမှန်တကယ်လိုအပ်သည့် လမ်းကူးဂိတ်များကိုသာ ဆက်လက်ထားရှိပေးပြီး မလိုအပ်သည့် တရားမဝင် လမ်းကူးနေရာများကို ပိတ်ဆို့သွားမည်ဖြစ်သည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် တရားမဝင် လမ်းဖြတ်ကူးမှုများကြောင့် ဖြစ်ပွားလေ့ရှိသည့် ရထားတိုက်မိမှု၊ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ရထားလမ်းပိုင်းရှိ တရားမဝင် ရထားလမ်းကူး ၁၀၀ ကျော်ကို လိုက်လံပိတ်ဆို့သွားမည်ဖြစ်
Jun 10 • 2:45 AM
မြန်မာ
မွန်
မျှဝေမည်
| 23 | 0 | 0 | 0 |


