back

ရန်ကုန်၌ အချိန်ကန့်သတ်ချက်သတင်းများကြောင့် ညဘက်ဖွင့်သည့် စားသောက်ဆိုင်များနှင့် တက္ကစီသမားများ ရောင်းအားနှင့် ဝင်ငွေထိုးကျ

Jun 10 • 2:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ အချိန်ကန့်သတ်ချက်သတင်းများကြောင့် ညဘက်ဖွင့်သည့် စားသောက်ဆိုင်များနှင့် တက္ကစီသမားများ ရောင်းအားနှင့် ဝင်ငွေထိုးကျ

ရန်ကုန်မြို့ရှိ ဘား (Bars) နှင့် နိုက်ကလပ် (Nightclubs) များကို ည ၁၁ နာရီတွင် ပိတ်သိမ်းရန် သတ်မှတ်လိုက်သည့် စည်းကမ်းချက်သတင်းများကြောင့် ၎င်းတို့ကို မှီခိုလည်ပတ...

ရန်ကုန်မြို့ရှိ ဘား (Bars) နှင့် နိုက်ကလပ် (Nightclubs) များကို ည ၁၁ နာရီတွင် ပိတ်သိမ်းရန် သတ်မှတ်လိုက်သည့် စည်းကမ်းချက်သတင်းများကြောင့် ၎င်းတို့ကို မှီခိုလည်ပတ်နေရသည့် ညဘက်ဖွင့် စားသောက်ဖွယ်ရာဆိုင်များနှင့် အငှားယာဉ် (တက္ကစီ) မောင်းနှင်သူများ၏ ညဉ့်နက်ပိုင်း ဝင်ငွေမှာ ထက်ဝက်မက သိသိသာသာ ထိုးကျသွားကြောင်း သိရသည်။ယခင်က ကလပ်နှင့် ဘားများမှ ညဉ့်နက်ပိုင်း ထွက်လာကြသူများသည် လမ်းဘေးထမင်းကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ၂၄ နာရီဖွင့်စတိုးဆိုင်များတွင် လာရောက်စားသောက်လေ့ရှိသဖြင့် နံနက် ၂ နာရီ၊ ၃ နာရီအထိ အရောင်းသွက်ခဲ့သော်လည်း၊ ယခုအခါ ည ၁၁ နာရီ၌ တစ်ပြိုင်နက် ပိတ်သိမ်းလိုက်ရသဖြင့် လမ်းပေါ်တွင် လူရှင်းကာ ဆိုင်များ ခြောက်ကပ်သွားခဲ့သည်။ ညဘက်သီးသန့် ဖွင့်လှစ်သည့် ဆိုင်အချို့မှာ ကုန်ကျစရိတ် မကာမိတော့သဖြင့် ဆိုင်ဖွင့်ချိန်ကို စောလိုက်ရခြင်း သို့မဟုတ် လုပ်ငန်းခေတ္တရပ်နားထားရခြင်းများ ရှိလာသည်။အလားတူ ညဉ့်နက်ပိုင်း ဧည့်သည်များကို အဓိကအားထားပြေးဆွဲနေရသည့် တက္ကစီယာဉ်မောင်းများမှာလည်း ခရီးသည်ရှာမရတော့ဘဲ ဝင်ငွေအဆမတန် လျော့နည်းသွားသဖြင့် ည ၁၁ နာရီကျော်သည်နှင့် အိမ်ပြန်နားကြရကြောင်း သိရသည်။ ယခု စည်းကမ်းချက်ကြောင့် ရန်ကုန်မြို့၏ ညဉ့်နက်ပိုင်း စောစီးစွာ တိတ်ဆိတ်သွားခဲ့ရုံသာမက ၎င်းနှင့် ဆက်စပ်နေသည့် အောက်ခြေစီးပွားရေး ကွင်းဆက်တစ်ခုလုံးကိုပါ ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

news-view-count-icon

38