back

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်တွင် ဖမ်းဆီးရမိသည့် တရုတ် (တိုင်ပေ) အပါအဝင် ပြည်ပနိုင်ငံသား ၁၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

Jun 10 • 2:21 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်တွင် ဖမ်းဆီးရမိသည့် တရုတ် (တိုင်ပေ) အပါအဝင် ပြည်ပနိုင်ငံသား ၁၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြ...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။၎င်းတို့အနက် တရုတ် (တိုင်ပေ) နိုင်ငံသား ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး ပါဝင်ပြီး၊ ၎င်းတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။အဆိုပါ လွှဲပြောင်းမှုကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

21