ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် ဆိုမာလီနိုင်ငံသား ဒိုင်လူကြီး အိုမာအာတန် (Omar Artan) သည် အမေရိကန်ဗီဇာ ထုတ်ပေးခြင်းမခံရသဖြင့် ပြိုင်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။၎င်းသည် မိုင်ယာမီနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်ဝင်ခွင့်တားမြစ်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် တူရကီနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် အမေရိကန်အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် အာတန်အနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့်ရတော့မည်မဟုတ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ယခု ဗီဇာငြင်းပယ်ခံရမှုကြောင့် အာတန်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးသော ဆိုမာလီဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ အိုမာအာတန်သည် ၂၀၁၈ ခုနှစ်ကတည်းက ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး၊ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ၏ ၂၀၂၅ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဒိုင်လူကြီးဆု (Referee of the Year) ကို ဆွတ်ခူးထားသည့် ထိပ်တန်းဒိုင်လူကြီးတစ်ဦး ဖြစ်သည်။



