ရန်ကုန်တိုင်းဒေသကြီးအတွင်း စနစ်တကျ လိုက်နာခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သည့် WiFi ကုမ္ပဏီများကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။လက်ရှိတွင် ခွင့်ပြုချက်မရှိဘဲ စည်းကမ်းမဲ့ သွယ်တန်းထားသည့် ကြိုးများကို စိစစ်ရေးအဖွဲ့များဖြင့် တိုင်ပေါ်မှ ဖယ်ရှားရှင်းလင်းနေပြီး၊ အသုံးမပြုတော့သည့် သက်မဲ့ကြိုးများ ဖယ်ရှားခြင်းနှင့် တိုင်ပြုပြင်ခြင်းလုပ်ငန်းများကို အင်တာနက်ကုမ္ပဏီများနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) တို့ ပူးပေါင်းဆောင်ရွက်နေသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့်လည်း သတ်မှတ်စံညွှန်းများနှင့်အညီ ဖြစ်စေရန် ညွှန်ကြားချက်များထုတ်ပြန်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်းကြီးကြပ်နေကြောင်း သိရသည်။

Jun 10 • 1:55 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 63 | 0 | 0 | 0 |


