ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲတော်တစ်ခုဖြစ်သည့် ဖီဖာကမ္ဘာ့ဖလား (FIFA World Cup) ဘောလုံးပြိုင်ပွဲကြီးကို လာမည့်ကြာသပတေးနေ့တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။ယခုပြိုင်ပွဲသည် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းအထိ တိုးမြှင့်ကာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲသမိုင်းတွင် အကြီးမားဆုံးနှင့် စီမံခန့်ခွဲမှုအပိုင်း၌ အရှုပ်ထွေးဆုံးပြိုင်ပွဲတစ်ရပ် ဖြစ်လာမည်ဟု သတ်မှတ်ထားကြသည်။လက်ရှိတွင် မြင့်မားလှသည့် ပွဲကြည့်လက်မှတ်ဈေးနှုန်းများ၊ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏ သက်ရောက်မှုများ ရှိနေသော်လည်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဆွဲဆောင်မှုနှင့် အရှိန်အဝါမှာ လျော့ကျသွားမည်မဟုတ်ဘဲ ဆက်လက်မြင့်မားနေမည်ဟု ဖီဖာ (FIFA) ဘက်က အပြည့်အဝယုံကြည်ထားကြောင်း သိရသည်။
Jun 10 • 1:52 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 34 | 0 | 0 | 0 |


